Saturday, October 3, 2015
1:15 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေးတိုင်းဒေသကြီးတွင်(၅၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကျင်းပ
မကွေး အောက်တိုဘာ ၁
၂၀၁၅ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်သည့် (၅၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ နှစ်ပတ်လည်အခမ်းအနားကို ယနေ့နံနက်(၇း၃၀)ကမကွေးမြို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင်ကျင်းပပြုလုပ်ပါသည်။(၅၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ နှစ်ပတ်လည်
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေတက်ရောက်ပြီး
မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အတွက် အမှာစကားပြောကြားပါသည်။ ဆက်လက်ပြီး ၀န်ကြီးချုပ်က မှုခင်းများ စွမ်းစွမ်းတမံ ဖော်ထုတ်ဆောင်ရွက်နိုင်မှု ဆုရရှိသည့် တပ်ဖွဲ့ဝင်များနှင့် မှုခင်းများ ဖော်ထုတ်ရာတွင် ကူညီဆောင်ရွက်ပေးခဲ့သည့် ပြည်သူများအား ဆုများချီးမြှင့်ပါသည်။ မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တရားခံပြေးများ အများဆုံးဖမ်းဆီးနိုင်မှုဆုရရှိသည့် တပ်ဖွဲ့ဝင်များအား ဆုများချီးမြှင့်ပါသည်။ အခမ်းအနား ဒုတိယပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဇော်ဝင်းမှ ပေးပို့သည့် သ၀ဏ်လွှာအားမကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်းက ဖတ်ကြား ပါသည်။ ဆက်လက်ပြီး ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၏ အမှုထမ်းကောင်းလက်မှတ်ရရှိသည့် တပ်ဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်း လက်မှတ်ရရှိသည့် တပ်ဖွဲ့ဝင်များအား ဆုများ ချီးမြှင့်ပါသည်။ ယင်းနောက် ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်စိုးဝင်းမှ ရဲတပ်သားသစ်စုဆောင်နိုင်မှု ဆုရရှိသည့် မြို့နယ်များအားဆုများ ချီးမြှင့်ခဲ့ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment