Saturday, October 3, 2015


ဆိပ်ဖြူ အောက်တိုဘာ ၃
မကေွးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ်ဂွေးပင်ကျေးရွာတွင်ကျေးရွာမြေငှားဂရန် (Lease) ထုတ်ပေးအပ်နှင်းခြင်း အခမ်းအနားကို အောက်တိုဘာ ၂ရက်နေ့ မွန်လွဲ ၂နာရီ အချိန် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည်။အဆိုပါကျေးရွာမြေငှား(Lease)ဂရန် ထုတ်ပေးအပ်နှင်းခြင်းအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တော၊ သတ္ထုနှင့်စွမ်းအင်ဝန်ကြီး ဦးသိန်းထွန်းတက်ရောက်ခါ အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။ ၎င်းနောက် မြို့နယ်စီမံခန့်ခွဲမှု ကောမတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်မျိုးက ကျေးရွာမြေငှားဂရန် (Lease)်ထုတ်ပေး ခြင်းနှင့်ပက်သတ်၍ လုပ်ငန်စဉ်များ ၊ ကျေးရွာမြေငှားဂရန် (Lease) ဆောင်ရွက်ပေးခြင်းကြောင့် ရရှိနိုင်မည့် အကျိုး ကျေးဇူးများ ကိုရှင်းလင်းပြောကြားပေးသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်မျိုး၊မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအထောက်ကူပြုကော်မတီဥက္ကဋ္ဌ ဦးကြည်မောင်နှင့် မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဌဦးကျော်မြင့်တို့က ကျေးရွာမြေငှားဂရန်(Lease)များကို
 ကျေးရွာမှတာဝန်ရှိသူ ပေးအပ်ခဲ့သည်။ဆက်လက်၍ ကျေးရွာမြေငှားဂရန် (Lease) ထုတ်ပေးရေးကော်မတီဥက္ကဋ္ဌဦးသန်းလှိုင်ကကျေးရွာမြေငှားဂရန်ထုတ်ပေးခြင်းအတွက်ကျေးဇူးတင်စကား
 ပြန်လည်ပြောကြားခဲ့သည်။ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးက ကျေးလက်နေပြည်သူများကို အားပေးစကားပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တော၊သတ္ထုနှင့်စွမ်းဝန်ကြီး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်

ကူပြုကော်မတီ၊မြို့နယ်စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ ၊ ကျေးရွာမှတာဝန်ရှိသူများ ကျေးရွာနေပြည်သူများတက်ရောက်ခဲ့သည်။ ကျေးရွာမြေငှားဂရန် (Lease)ကို ဂွေးပင်ကျေးရွာ အိမ်ထောင်စု (၂၄၄)အိမ်အား ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video