Saturday, October 3, 2015


 ချောက် အောက်တိုဘာ ၂ ရက်
မကွေးတိုင်ဒေသကြီး ၊ ချောက်မြို့နယ် ၊ ကျေးလက်နေပြည်သူများ လူနေမှုဘ၀ အဆင့် အတန်းမြင့်မား လာစေရန်ရည်ရွယ်၍ မြေငှားဂရန်များ ထုတ်ပေးခြင်းကို ယနေ့ညနေ (၁၇း၀၀)နာရီအချိန်က လက်ပံကျွန်းရွာ သစ်ကျေးရွာဓမ္မာရုံ၌ ထုတ်ပေးခဲ့သည်။ အဆိုပါ အခမ်းအနားတွင် မကွေးခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ခရိုင်မှူး ဦးမြင့်နောင် ကအဖွင့်အမှာ စကား ပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးရွာမြေငှားဂရန် ထုတ်ပေးရေး မြို့နယ်လုပ်ငန်းအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက် နှင့် မြို့နယ်လယ်ယာစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်ထွန်း တို့မှ မြေငှားဂရန် နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ခဲ့ကြောင်းသိရသည်။ ၎င်းနောက် မကွေးခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ခရိုင်မှူး ဦးမြင့်နောင် ၊ကျေးရွာမြေငှားဂရန် ထုတ်ပေးရေး
မြို့နယ်လုပ်ငန်းအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက် နှင့် အဖွဲ့ဝင်များက မြေငှားဂရန်များကို ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ရာ မြေငှားဂရန် ၁၂၄ ခုထုတ်ပေးခဲ့ကြောင်း နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ၊ ရပ်မိ ၊ ရပ်ဖတို့မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video