Saturday, October 3, 2015
1:26 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဂန့်ဂေါ အောက်တိုဘာ ၂
သဘာဝဘေးအန္တရာယ်များဖြစ်ပွါးလာပါက အလျှင်အမြန် တုံ့ပြန်ဆောင် ရွက်နိုင်ရေး ဂန့်ဂေါမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ် ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ စက်တင်ဘာ ၂၇ ရက်မှ ၃၀ ရက်ကာ လ ၌ မြစ်သာမြစ် အတွင်း လေ့ကျင့်ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးသန်းထက်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ ဂန့်ဂေါမြို့ မြို့မ ရဲတပ်ဖွဲ့စခန်းမှူးဒုတိယရဲမှူးကြည်ငွေနှင့်ရဲတပ်ဖွဲ့ဝင်များတို့သည် မြစ်သာမြစ်အတွင်း ရေမျောပါလာသူအား
ကယ်ဆယ်ခြင်း၊ ရေနစ်သူအားကယ်ဆယ်ပြုစုခြင်းတို့ကို လေ့ကျင့်ဆောင်ရွက်ကြသည်။
ထို့ပြင် မီးသတ်တပ်ဖွဲ့ဝင်များသည် လေပြင်းတိုက်ခတ်ခြင်း ၊မိုးသည်းထန်စွာရွာသွန်းခြင်း များကြောင့် လေဘေးနှင့်ရေကြီးခြင်း ဘေးအန္တရာယ်များ ကြုံတွေ့လာနိုင်သဖြင့် ဖြစ်ပွါးလာပါက အလျှင်အမြန်တုံ့ပြန်ဆောင် ရွက်နိုင်ရေး ပြင်ဆင်စုဖွဲ့ လေ့ကျင့်ခြင်းများလည်း သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment