Tuesday, September 22, 2015



ပခုက္ကူ စက်တင်ဘာ ၂၁
မကွေတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ခရိုင်ရဲတပ်ဖွဲမှ ကြီးမှူးဖွင့်လှစ် Community Policing လုပ်ငန်းစဉ် အခြေခံသင်တန်းအမှတ်စဉ် (၃/၂၀၁၅)ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ၂၁ရက်နံနက်၉နာရီတွင်မြို့နယ် ရဲတပ်ဖွဲမှူရုံးအစည်းဝေးခန်မတွင်ပြုလုပ်သည်။
အခမ်းအနားတွင် ပခုက္ကူခရိုင်ရဲတပ်ဖွဲမှူ ဒုရဲမှူကြီးလှဝင်းက အမှာစကားပြောကြားရာ ဒီမိုကရေစီခေတ်နှင့် ကိုက်ညီသောရဲလုပ် ငန်းဖြစ်စေရေးအတွက်နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး အတွက် ကနဦးကာလကပင် ရပ်ရွာ အေးချမ်းသာယာရေးနှင့်တရာဥပဒေစိုးမိုးရေးကိုအဓိကထားဆောင်ရွက် နေရတဲ့  မြန်မာနိုင်ငံရဲတပ်ဖွဲ့ Community Policing လုပ်ငန်းစဉ် သို့ပြုပြင်ပြောင်းလဲ သွားရန် နိုင်ငံတော်သမ္မတကြီးမှ လမ်းညွှန်မှုများပြုခဲ့ကာ နိုင်ငံတကာ အသိုင်းဝိုင်း နှင့်ပူးပေါင်းဆာင်ရွက်ခြင်းဖြင့် ပြည်တွင်လုံခြုံရေး၊ တရားဥပဒေ ဆိုင်ရာ ကိစ္စရပ်များကို သမ္မတကြီး၏ ဆန္ဒနှင့် အညီ နိုင်ငံတကာနှင့်ပူးပေါင်းကာ သင်တန်းများ ကိုဖွင့်လှစ်နိုင်ခဲ့ကာ ရဲလုပ်ငန်းအပေါ်တွင် ပြည်သူအများသက်ဝင်ယုံကြည် လာစေရေး နိုင်ငံတော်ကပြဋ္ဌာန်း ကိုသိရှိလေးစားလိုက်နာ မှုရှိလာစေရေး စသော ရည်ရွယ်ချက်တို့ဖြင့် Community Policing သင်တန်းကိုဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို EU အဖွဲ့က သင်ကြားပေးထားသည့် Trainer Development Officers(TDO) ဆရာဖြစ်သင်တန်းတက်ရောက်သူ နည်ပြအရာရှိ(၃)ဦးနှင့် Training Of Trainer(TOT) ဆရာဖြစ်သင်တန်း တက်ရောက်သူ နည်ပြအရာရှိ(၆)ဦးတို့က သင်တန်းသား အရာရှိ(၂)ဦးနှင့် တပ်ဖွဲဝင်(၁၄ဦးတို့အား စနစ်တကျသင်တန်းမျာကို ပို့ချပေးသွမည်ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video