Tuesday, September 22, 2015


ကျောက်ထု စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ ဆီမီးခွက်ဈေးတွင် နံနက် ၄ နာရီမှ ၇ နာရီခန့် အတွင်း ဒေသထွက်သီးနှံများ ရောင်းချလျှက်ရှိပြီး အဆိုပါဈေးကို ယခုအခါတွင် ဘက်ထရီသုံး မီးချောင်း၊ မီးကွေးများ ထွန်းညှိကာ ရောင်းချနေကြသော်လည်း ယခင်ကာလများက အလင်းရောင် အတွက် ဆီမီးခွက်ကို ထွန်းညှိအသုံးပြုရောင်းချခဲ့ကြသည်ကို အစွဲပြု၍ ဆီမီးခွက်ဈေးဟု ခေါ်ထွင်ပြောဆိုလာခဲ့ရာမှ ယနေ့တိုင်ကာလ အထိပင် ခေါ်တွင်ကြဆဲဖြစ်သည်။
ယခုအခါတွင် ကျောက်ထုဒေသ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာချင်းဆက် လမ်းများ ဖောက်လုပ်လျှက်ရှိသဖြင့် သွားလာပို့ဆောင်မှု လွယ်ကူလာသည့်အလျှောက် အဆိုပါ ဆီမီးခွက်ဈေး သို့ အနီးပတ်ဝန်း ကျင်ရှိ ကျေးရွာများသာမက ကျောက်ထုမြို့နှင့် ၁၀ မိုင်ကျော်ဝေးကွာ သည့် မြောက်မကျင်း ကျေးရွာနေပြည်သူများကပင်လျှင် ငါး၊ ခရမ်းသီး၊ ခရမ်းချဉ်သီးတို့နှင့်
 ဒေသထွက်သီးနှံများကို ဆိုင်ကယ်ဖြင့် သယ်ဆောင်ကာ လာရောက်ရောင်းချနေကြပြီဖြစ်ကြောင်း
 ဈေးဝယ်သူတစ်ဦးက ပြောသည်။ယခင်က ကျောက်ထုမြို့သည်ဂန့်ဂေါခရိုင် ဆောမြို့နယ်အတွင်းရှိ
 ကျေးရွာ တစ်ရွာအဖြစ်သာ ရှိခဲ့သော်လည်း ယခုအခါတွင် ဂန့်ဂေါ- ထီးလင်း - ကျောက်ထု။ ပခုက္ကူ- ပေါက်- ကျောက်ထု။ မတူပီ-မင်းတပ်- ကျောက်ထု။ ကန်ပက်လက်- ဆော- ကျောက်ထုတို့ဖြင့် လမ်းဆုံမြို့ဖြစ်ခြင်းအပြင် မြို့တစ်မြို့အဖြစ်ပါ တိုးမြှင့် ထားသဖြင့် ကျောက်ထုမြို့သို့ တာဝန်ထမ်းဆောင် ရန် ရောက်ရှိလာကြသည့် ဌာနဝန်ထမ်းများမှာလည်း အဆိုပါ ဆီမီးခွက် ဈေးကို အားပြုဈေးဝယ်ကြရသည်။
ထို့ပြင်ကျောက်ထုမြို့နှင့် ၁၇ မိုင်သာဝေးကွာသည့် ချင်းပြည်နယ် မင်းတပ်မြို့ မှ မော်တော်ယာဉ်ငယ် လိုင်းဖြင့်ပါ ဆီမီးခွက်ဈေးသို့ဈေးဝယ်ရောက်ရှိလာနေကြရာ အဆိုပါလိုင်းကားဖြင့် ဒေသနေပြည်သူများ လိုက် ပါသွားလာမှု လွယ်ကူလာပြီး ကုန်စည်စီးဆင်းမှုလည်းမြန်ဆန်လာလျှက်ရှိသဖြင့် ကျောက်ထုမြို့မှ ဆီမီးခွက် ဈေးသည် ယခင်ထက်ပိုမိုစည်ကားလျှက်ရှိနေကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video