Tuesday, September 22, 2015



ပခုက္ကူ စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး ၊ပခုက္ကူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲမှ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ ဆွေးနွေးပွဲကို စက်တင်ဘာ၂၁ နံနက် ၁၁နာရီအချိန် ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ကျင်ပပြုလုပ်သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်ကော်မရှင်အဖွဲခွဲဥက္ကဋ္ဌ ဦးရွှေကျော့ကအမှာစကားပြောကြား ကာမဲဆွယ်စည်းရုံးဆောင်ရွက်ရာတွင်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ညွန်ကြားချက်များနှင့်
အညီဆောင်ရွက်ကြရန်အခန်(၁၃(၁၄)တို့တွင်ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစဒဏ်များနှင့် တရားမဲ့ပြုကျင့်မှုများ ကိုမပြုကြရန်၊ ဥပဒေချိုးဖောက်မှု မျိုးမဖြစ်စေရေးသတိပြုဆောင်ရွက်ကြရန် ဥပဒေချိုးဖောက်မှုများကို တွေ့ရှိပါကဥပဒေနှင့်အညီကန့်ကွက်တိုင်ကြား၍အပြန်အလှန်ထိမ်းသိမ်းကြပ်
မတ်ဆောင်ရွက်ကြရန် တိုက်တွန်ဆွေးနွေးခဲ့သည်။ထို့နောက်ခရိုင်ကော်မရှင်အဖွဲခွဲအဖွဲ့ဝင် မြို့နယ်စည်ပင်သာယာရေးအဖွဲအမှုဆောင်အရာရှိ ဦးစိုးသန်းက မဲဆွယ်စည်းရုံးရာတွင်မြိုနယ် စည်ပင်သာယာရေးနယ်နမိတ်တွင် ကြော်ငြာဆိုင်းဘုတ်များစိုက်ထူမည်ဆိုပါကခွင့်ပြုချက်ရယူ၍
 ဆောင်ရွက်သွားရန် ကြော်ငြာ ဆိုင်းဘုတ်စိုက်ထူခွင့် အဆိုပြုလာပါက အဆိုပြုသူနှင့် အဖွဲဝင်တို့မှ ကွင်ဆင်းကာ အများပြည်သူနှင့် ကင်းလွတ်လျင်ခွင်ပြုပေးသွား မည်ဖြစ်ကြောင်း၊ ခရိုင်ကော်မရှင်အဖွဲခွဲအဖွဲ့ဝင် ခရိုင်ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေး ဦးစီးဌာနခရိုင်ဦးစီးအရာရှိ ဦးဇော်ဌေးအောင်က ပုံနှိပ်ခြင်းဆိုင်ရာဥပဒေမျာကိုလည်ကောင်း၊ ခရိုင်ကော်မရှင်အဖွဲခွဲအဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဦးခင်မောင်ဝင်းက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊နည်းဥပဒေများကိုလည်ကောင်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိ လက်ထောက်ညွှန်ကြား ရေးမှူး ဦးဇော်သူက ပခုက္ကူ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှပြည့်စုံမှန်ကန်သည့်မဲဆန္ဒရှင်စာရင်းများရရှိရေးအတွက် မဲစာရင်းများကြော်ငြာ ထားရှိမှု ၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာအမှတ် (၁၃/၂၀၁၅) အရ ပခုက္ကူ ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းတာဝန်များ အားရှင်လင်းဆွေးနွေးခဲ့ကြရာတက်ရောက်လာသည့်နိုင်ငံရေး ပါတီသီးသီးမှ ကိုယ်စားလှယ် များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video