၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ နေ့လည် (၁၁) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေ သတင်းစုံစမ်းနေစဉ် မကွေးမြို့၊ အထက(၁)လမ်းနှင့် မြို့ပတ်လမ်းထောင့်ရှိ တိုင်းရင်းဆေးရုံအနီးတွင် လူတစ်ဦးစီးနင်းလာသောဆိုင်ကယ်အားမသင်္ကာ၍ ရပ်တန့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဆိုင်ကယ်စီးနင်းလာသူမှာ မကွေးမြို့၊ အောင်စေတနာရပ်ကွက်နေဖြိုးသီဟကျော်(၂၃)နှစ်ဖြစ်ကြောင်း သိရှိရပြီး ၄င်းစီးနင်းလာသည့် ဟွန်ဒါ ၁၂၅ အနက်ရောင်ဆိုင်ကယ်၏သော့မှာ စက်နှိုးရသော်လည်း မူလသော့မဟုတ်ဘဲ ကန်ဘိုတံဆိပ်ပါသော့ဖြစ်ပြီး ဆိုင်ကယ်တူးဘောက်ထဲတွင် ၂ဝယ/၉၆ဝ၁၂ နံပါတ်ပြား တစ်ခုထည့်ထားသည်ကိုတွေ့ရှိရသဖြင့် မေးမြန်းရာ လွန်ခဲ့သော (၂)ရက်ခန့်က ၄င်း ဆိုင်ကယ် အား မကွေးမြို့၊ ရွာသစ်ပွဲကြိုရပ်နေ ကျော်မျိုးသူရဦး (၁၉)နှစ်မှ ၄င်းထံတွင် အပ်နှံ ထားသော ဆိုင်ကယ် ၊ဖြစ်ကြောင်းသိရှိရပြီး ကျော်မျိုးသူရဦးအား ခေါ်ယူစစ်ဆေးရာ ၄င်းမှ ဖြိုးသီဟကျော်ထံတွင် အပ်နှံ ထားသောဆိုင်ကယ်ဖြစ်ကြောင်း ပြောပြသိရှိရသဖြင့် ကျော်မျိုးသူရဦးနှင့် ဖြိုးသီဟကျော်တို့အား ဆိုင်ကယ်နှင့်ပတ်သက်၍ ၄င်းတို့ပိုင်ဆိုင်ကြောင်း အထောက်အထား မေးမြန်းရာ ၄င်းတို့ပိုင်ဆိုင်ကြောင်း ခိုင်လုံစွာပြောပြနိုင်ခြင်းမရှိ၍ နေအိမ်အဆောက်အဦတစ်ခုခု အတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာ သဖြင့် ကျော်မျိုးသူရဦးနှင့် ဖြိုးသီဟကျော်တို့အား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၇ဝ/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈ဝ/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။
0 comments:
Post a Comment