၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ ည (၉) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင် ၊ ကံမမြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင် ရွက်နေစဉ် ကံမမြို့နယ်၊ ဂျွန်းတောင်ကျေးရွာ၊ ရေခဲတောင်တောင်ခြေရှိ ကိုအောင်ကျော် ၏ ထော်လာဂျီပေါ် တွင် ဖဲရိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ရေခဲတောင်ဘုန်းကြီးကျောင်းရှေ့ရှိ ထော်လာဂျီကိုယ်ထည်ပျက်ပေါ်တွင် ဂျွန်းတောင်ကျေးရွာသားများ ဖြစ် သည့် အေးမင်းကို(၁၉)နှစ်ပါ (၈)ဦးမှ ဖဲရိုက်လောင်းကစားပြုလုပ်နေကြောင်း၊ ဖဲရိုက်လောင်း ကစားရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် ငွေစက္ကူရောရာ ၁၆,၇ဝဝိ/-တို့အား ရှာဖွေသိမ်းဆည်းရမိ သဖြင့် ဖဲရိုက်လောင်း ကစားပြုလုပ်သူအေးမင်းကိုပါ (၈)ဦးအား ကံမမြို့နယ်၊ မြို့မရဲစခန်း (ပ) ၈၄/၂ဝ၁၅၊ လောင်းကစား ဥပဒေ ပုဒ်မ ၁၂(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment