၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ ညနေ (၅း၅၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ အောင်လံမြို့နယ်၊ ကံလုံမှော်ရွာနှင့် ကံမလေးရွာအကြား အနက် (၁ဝ)ပေ၊ အကျယ်ပေ (၂ဝဝ)ခန့်ရှိ အင်းအတွင်း လှေတိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အောင်လံမြို့နယ်၊ ကံလုံမှော်ကျေးရွာနေ မနွဲ့နွဲ့ကြည်(၅ဝ)နှစ်ပါ အမျိုးသမီး (၉) ဦးတို့သည် ကံမလေး ကျေး ရွာမှပေါင်းထိုးပြီးနောက် အောင်လံမြို့နယ်၊ ဇေယျာကျေးရွာနေ ခင်ဇော်(၂ဝ)နှစ်၏ လက်လှော် လှေငှား၍ ကံလုံမှော်ရွာသို့ လှေစီးပြီးအပြန် ကံမလေးရွာနှင့် ကံလုံမှော်ရွာ အကြား တွင် လှေတိမ်း မှောက်ခဲ့ပြီး အခြားလှေတစ်စီးမှ လာရောက်ကယ်ဆယ်ရာ ကံလုံမှော်ကျေးရွာနေ မနွဲ့နွဲ့ဝင်း (၅၃)နှစ်မှာ သတိရလာခြင်း မရှိဘဲ သေဆုံးသွားကြောင်းနှင့်ကျန်သူများအား ကောင်းမွန်စွာ ကယ်တင်နိုင် ခဲ့ ကြောင်း သိရှိရ သဖြင့် လှေ အားပေါ့ဆစွာ လှော်ခတ်သူ ခင်ဇော်အား အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်နယ်မြေ ရဲစခန်း (ပ)၄၅/၂ဝ၁၅၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၂၈ဝ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment