Monday, September 21, 2015
4:39 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
နတ်မောက် စက်တင်ဘာ၂၁
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်စည်သာကျေးရွာအုပ်စုကြက်
လျှာကျေးရွာတွင်စက်တင်ဘာ၂၁ရက်နံနက်၉နာရီခွဲကဗုဒ္ဓဘာသာယဉ်ကျေး
လိမ္မာဓမ္မကျောင်းတော်ဖွင့်ပွဲကိုရွာဦးဘုန်းတော်ကြီးကျောင်းတွင်ကျင်းပခဲ့သည်။
အခမ်းအနားတွင်ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာဓမ္မကျောင်းတော်ဖြစ်မြောက်ရေး
သြဝါဒဆရာတော်ဦးနန္ဒဝံသမှသြဝါဒစကားများချီးမြှ့င်ဖွင့်လှစ်ပေးပြီးမြို့နယ်လုံး
ဆိုင်ရာဓမ္မကျောင်းတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဌဦးဥာဏ်ရှိန်မှဓမ္မကျောင်းတော်
ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များနှင့်အနာဂတ်ကိုပိုင်ဆိုင်ထားကြတဲ့လူငယ်မောင်မယ်များ
ဗုဒ္ဓဘာသာပြန်ပွားရေးအတွက်အရှည်တည်တံ့ခိုင်မြဲအောင်ဆောင်ရွက်သွားကြရန်ပြောကြား
ခဲ့သည်။ဆက်လက်၍မြို့နယ်လုံးဆိုင်ရာဓမ္မကျောင်းတော်ဖြစ်မြောက်ရေးကော်မတီမှအခြေခံ
ဖတ်စာအခြေခံဖတ်စာ(၁)နဲ့(၂)၊ရောင်စုံခဲတံဗူး၊ပုံဆွဲ(၄)မျိုး၊ဗလာစာအုပ်၊ဆရာကိုင်စာအုပ်၊
ဆိုင်းဘုတ်ဗီနိုင်းနှင့်ရှိခိုးနည်းဗီနိုင်းတို့ကိုလှူဒါန်းပေးခဲ့ပြီးဓမ္မကျောင်းတော်တက်ရောက်
မည်ကျောင်းသား\သူ(၈၅)ဦးနှင့်သင်ကြားပို့ချပေးမည့်ဆရာ\မ(၁၀)ဦးတို့မှ အပတ်စဉ်တနင်္ဂနွေနေ့တိုင်းသင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့နောက်အခမ်းအနားသို့ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေး
ဆရာတော်များနှင့်အလှူရှင်များ၊မြို့နယ်ဓမ္မကျောင်းတော်ဖြစ်မြောက်ရေးကော်
မတီဥက္ကဌနှင့်ကော်မတီဝင်များ၊ကျေးရွာပြည်သူများတက်ရောက်ကြကြောင်း
သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment