Monday, September 21, 2015


ထီးလင်း စက်တင်ဘာ ၂၀
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စက်တင်ဘာ ၁၅ ရက်က ၂၀၁၆- ၂၀၁၇ မှ ၂၀၂၀- ၂၀၂၁ ကာလအတွက် ဒုတိယကာလတို ငါးနှစ်စီမံကိန်း စီမံကိန်းရည်မှန်းချက်များ ပြည့်မီရေး နှင့် စီမံကိန်းများညှိနှိုင်းရေးဆွဲခြင်း ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်လတ်က အမှာစကားပြောကြားပြီး ဂန့်ဂေါခရိုင် စီမံကိန်းဦးစီးဌာနမှူး ဦးအောင်ကျော်မိုးက ပညားရေး၊ ကျန်းမားရေး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးတို့ကို စီမံကိန်းရည်မှန်းချက်များ ရေးဆွဲနိုင်ရန် တင်ပြဆွေးနွေးသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူ ပြုကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမျူးများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video