Tuesday, September 22, 2015
2:40 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ပွင့်ဖြူ စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ပွင့်ဖြူမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၀ ရက်နေ့ ညနေ (၅း၁၅) နာရီအချိန်ခန့်တွင် ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာ အရှေ့ဘက် မင်းဘူး-ပွင့်ဖြူ- စလင်း-မန္တလေးသွား ကားလမ်း မိုင်တိုင်အမှတ် ၃၅/၃ နှင့် ၃၅/၄ အကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့် အတူ သွားရောက် စစ်ဆေးရာ မင်းဘူးဘက်မှ စလင်းဘက်သို့ မန္တလေး တိုင်းဒေသကြီး၊ တံခွန်တိုင်မြို့နယ်၊ ထိန်ကုန်းရပ်ကွက်နေသူ ၀င်းဇော် (၃၄)နှစ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် တံခွန်တိုင်မြို့နယ် နေသူ ယာဉ်ကြီးကြပ် ဦးလှထွန်းအောင် (၃၀)နှစ်၊ နောက်လိုက် ကိုပုနှင့် ခရီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်နေသူ မသီတာစိုး (၄၅)နှစ် တို့လိုက်ပါလာသော 4C-xxxx FUSO Express အမျိုးအစား ``ပန်တော်ဦး´´ ခရီးသည်တင် ယာဉ်သည် ရှောက်တော ကျေးရွာအနီး လမ်းအကွေ့၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ၀ဲဘက်သို့ ထိုးကျကာ လမ်းဘေးရှိ ကင်ပွန်းခါးပင်အား ၀င်တိုက်မိပြီး ယာဉ်ပေါ်ပါ ဦးလှထွန်းအောင် နှင့် မသီတာစိုး တို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ၀င်းဇော်အား ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၄၂/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇ အရ အမှုဖွင့် အရေးယူ ထားရှိကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment