Tuesday, September 22, 2015



ပခုက္ကူ စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်တွင်၂၀၁၅ခုနှစ်အောက်တိုဘာ(၁)ရက့်(၅၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်
ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်စက်တင်ဘာလ၂၀ရက်နေ့တွင်ပခုက္ကူမြို့အမှတ် (၁၀)ရပ်ကွက်ရှိမဟာဝိသုတာရာမ (ပခုက္ကူအလယ်တိုက်)ဘုန်းတော်ကြီးစာသင်တိုက်ကြီးတွင် ခရိုင်ရဲတပ်ဖွဲမှူး ဦးဆောင်သော ရဲတပ်ဖွဲဝင်များက စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အဆိုပါ စုပေါင်းကာ သန်ရှင်ရေးဆောင်ရွက်ရာတွင် ခရိုင်ရဲတပ်ဖွဲမှူး ဒုရဲမှူကြီးလှဝင်းနှင့် တပ်ဖွဲဝင် အင်အား (၁၃၀)ဦးတို့သည် မဟာဝိသုတာရာမ စာသင်တိုက်ကြီး၏ ကျောင်းအတွင်း /အပြင်ရှိ အမှိုက်သရိုက်များနှင့် ပေါင်းမြက်များကို ဖယ်ရှားရှင်းလင်းခဲ့ကြသည်။
မဟာဝိသုတာရာမ စာသင်တိုက်ကြီးတွင် အနယ်နယ်အရပ်ရပ်မှ သံဃာတော် (၅၀၀)ကျော် လာရောက် သီတင်းသုံးကာ စာဝါများလိုက်၍ သင်ယူလျက် ရှိကြောင်သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video