Wednesday, September 23, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် (၃း၄၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မန်းရေနံမြေ လုံခြုံရေးတပ်စုမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေ များနှင့် အတူ ကြာကန်ကျေးရွာအနီး မန်းရေနံမြေဂိတ်၌ စောင့်ဆိုင်းနေစဉ် လက်ပံတော ကျေးရွာဘက်မှ မင်းဘူးမြို့ဘက်သို့ မင်းဘူးမြို့၊ အမှတ်(၁) လှည်းကောက် ရပ်ကွက်နေသူ ထွန်းမြတ်လင်း (ခ)ဖိုးပု (၃၂) နှစ် မောင်းနှင်ပြီး မင်းဘူးမြို့နယ်၊ လက်ပံတောကျေးရွာနေသူ ဒေါ်မြသီ (၈၃)နှစ် လိုက်ပါလာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ပီနံအိတ်များဖြင့် ထည့်ထားသော တရားမ၀င်ရေနံစိမ်း (၁၅)ဂါလံ (စုစုပေါင်းတန်ဘိုး ၂၅၄၄၈.၉၅၅ ကျပ်)အား တွေ့ရှိသိမ်းဆည်း ရမိသဖြင့် ထွန်းမြတ်လင်း (ခ) ဖိုးပုနှင့် ဒေါ်မြသီတို့အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း(ပ) ၁၁၃/၂၀၁၅၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video