မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲမှူးရုံး၊ အစည်းအဝေးခန်းမတွင် ၇.၉.၂၀၁၅ ရက်နေ့ ၀၈၃၀ အချိန် COMMUNITY POLICING လုပ်ငန်းစဉ် အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်းမှ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး အခမ်းအနား သို့ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်စိုးဝင်း၊ ဦးစီး(ပ) (ဦး/ရေး/ထောက်) ဒုတိယ ရဲမှူးကြီး မောင်မောင်အေး၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မင်းဟန်၊ ရဲမှူး(ဦးစီး) ရဲမှူးသက်လွင်၊
အမှတ်(၄)ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး တင်မျိုးအောင်၊
မှုခင်းတပ်ဖွဲ့ စုမှူး၊ မူးယစ်တပ်ဖွဲ့စုမှူး၊ အမှတ်(၂) လူကုန်ကူးမှု
တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှူး၊ ရဲအကူတပ်ဖွဲ့ခွဲမှ အရာရှိ(၄)ဦး၊
သင်တန်းနည်းပြ အရာရှိ(၆)ဦး၊ သင်တန်းသား(၁၆)ဦး၊ စုစုပေါင်း(၃၅) ဦး
တက်ရောက်ခဲ့ပြီး အခမ်းအနားအား ၀၉၀၀ အချိန် ပြီးဆုံးကြောင်းနှင့် သင်တန်း
ကာလမှာ ၇.၉.၁၅ ရက်နေ့မှ ၁၈.၉.၁၅ ရက်နေ့ထိ ဖြစ်ကြောင်း သတင်း ရရှိပါသည်။
Monday, September 7, 2015
Subscribe to:
Post Comments (Atom)





0 comments:
Post a Comment