Sunday, September 6, 2015



မကွေး စက်တင်ဘာ ၅
နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ၏ လစဉ်ချီးမြှင့်
 ထောက်ပံ့ငွေ၂၅ရာခိုင်နှုန်းစုဆောင်း၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ အသက်(၁၀၀)နှစ်အထက် အဘိုး၊အဘွား များ အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ထောက်ပံ့ငွေချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာ ၅ ရက် နံနက် ၉နာရီက မကွေးမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး
ဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေ နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိ
ပုဂ္ဂိုလ်များ၊ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး မိခင် နှင့်ကလေးစောင့်ရှောက်မှု
ကြီးကြပ်ရေးအဖွဲ့ နှင့် တိုင်းဒေသကြီး အမျိုးသမီး ရေးရာအဖွဲ့တို့မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ဖိတ်ကြား
ထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ

၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ၏ လစဉ်ချီးမြှင့် ထောက်ပံ့ငွေ၂၅ရာခိုင်နှုန်းမှအဘိုးအဘွား
တစ်ဦးလျှင် နှစ်သိန်းစီ ချီးမြှင့်ခြင်း၊နိုင်ငံတော် သမ္မတကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ် ချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော အသက်(၁၀၀)နှစ်အထက် အဘိုး၊အဘွား (၄)ဦးအား နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးဂုဏ်ပြုမှတ်တမ်း
လွှာနှင့်ထောက်ပံ့ကြေးငွေကို ချီးမြှင့်အပ်နှင်းခဲ့သည်။
ဆက်လက်၍ အဘိုးအဘွားများကိုယ်စား အဘွားဒေါ်အေးရီ မှ ဆုပေးစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများမှ အဘိုး၊အဘွားများအား ရိုသေစွာ လက်အုပ်ချီကန်တော့ကြသည်။
တိုင်းဒေသကြီအတွင်း အဘိုးအဘွား(၆၂)ဦးကို ထောက်ပံ့ငွေ ကျပ်နှစ်သိန်းစီ နဲ့ သမ္မတဂုဏ်ပြု

မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်းဖြစ်ကာ အခမ်းအနားသို့ အဘွား(၄)ဦးသာတက်ရောက်နိုင်ပြီး ကျန်အဘိုးအဘွား ၅၈ဦးအား အိမ်တိုင်ယာရောက်သွားပြီး ပေးအပ်သွားမည်ဖြစ်သည်။ တိုင်းဒေသကြီး
အစိုးရအဖွဲ့မှ အဘိုး၊အဘွား တစ်ဦးလျင် ထောက်ပံ့ငွေကျပ် ၅၀၀၀၀ နှုန်း၊ တိုင်းဒေသကြီး မိခင်နှင့်ကလေး
 စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ တိုင်ဒေသကြီအမျိုးသမီးရေးရာအဖွဲ့တို့မှ ကျပ်၆သိန်းတန်ဘိုးရှိခြုံထည်
စောင်(၆၂)ထည်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တက်ရောက်လာတဲ့အဘွား(၄)ဦးအား တစ်ဦးလျင် ကျပ်
 ၁၇၀၀၀ တန်ဖိုးရှိ အသုံးအဆောင်ပစ္စည်းများ ပေးအပ် လျူဒါန်းခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video