၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ ညနေ (၄) နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင် ၊ ပေါက်မြို့နယ်၊ ရေဖြူကျေးရွာအနီးတွင် ကားတစ်စီးတိမ်းမှောက်ကြောင်းသတင်းအရ မြို့မ ရဲစခန်းတပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ပခုက္ကူမှ ပေါက်မြို့၊ ကျောသာရွာသို့ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်နေ မောင်ချမ်း(၃ဝ)နှစ်မောင်းနှင်ပြီး နောက်တွင် ပခုက္ကူမြို့၊ အမှတ်(၂)ရပ်နေ ကိုထိန်မင်း(၃၆)နှစ်နှင့် ပေါက်မြို့နယ်၊ ကျောသာ ကျေးရွာနေ ကိုဝင်းဦး (၅ဝ)နှစ်တို့ လိုက်ပါလာသည့် ၁ဂ/xxxx ၊ပါကျဲရိုးခဲရောင်ယာဉ်အား ကျောသာ-ရေဖြူသွားတော လမ်း အတိုင်း မောင်းနှင်လာစဉ် ရေဖြူရွာနှင့် (၂)ဖာလုံခန့်အကွာတွင် ကား၏ ယာဘက်နောက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ရေမြောင်းအတွင်း ထိုးကျ တိမ်းမှောက်ခဲ့သဖြင့် ကိုထိန်မင်းနှင့် ကိုဝင်းဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး မောင်ချမ်းတွင် နား/နှာခေါင်း/ပါးစပ် တို့မှ သွေးထွက် ဒဏ် ရာ များ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားသဖြင့် ယာဉ်အားအရှိန်ပြင်းစွာ မဆင်မခြင်မောင်းနှင် သူ မောင်ချမ်းအား ပေါက်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၁၂/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/ ၃၃၇/ ၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment