Friday, September 11, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လည် (၂)နာရီ အချိန်တွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲမှူးရုံး၊ အစည်းအဝေးခန်းမ၌ မိုင်းအခြေခံသဘောတရားနှင့် မိုင်းအန္တရာယ် ကာကွယ်ရေး ပစ္စည်းများ ကိုင်တွယ် အသုံးပြုနည်းသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်းမှ သင်တန်းဆင်းပွဲ မိန့်ခွန်း ပြောကြားခဲ့ပြီး အခမ်းအနားသို့ ဦးစီး(ပ)(ဦး/ရေး/ထောက်) ဒုတိယရဲမှူးကြီး မောင်မောင်အေး၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မင်းဟန်၊ ရဲမှူး သက်လွင်(ရဲမှူးဦးစီး)၊ အမှတ်(၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး တင်မျိုးအောင်၊ မူးယစ်တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ဆန်းမိုး၊ ဒုရဲမှူးနီဝင်း (ဒုရဲမှူး-ဦးစီး)၊ မှုခင်းတပ်ဖွဲ့စုမှူး ဒုရဲမှူး ချစ်မောင်၊ အမှတ်(၂)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှူး ဒုရဲမှူး လှဦး၊ ရဲအကူတပ်ဖွဲ့ခွဲမှ အရာရှိ(၄)ဦး၊ သင်တန်းနည်းပြအရာရှိ(၄)ဦး၊ သင်တန်းသား အရာရှိ(၆)ဦး၊ အခြားအဆင့်(၂၄)ဦး၊ စုစုပေါင်း(၄၇)ဦး တက်ရောက်ခဲ့ပြီး အမှတ်(၉၁၀) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ တပ်မတော်သားနည်းပြ (၂)ဦးအား လက်ဆောင်ပစ္စည်း ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် အခမ်းအနားအား နေ့လည် (၂)နာရီခွဲ အချိန် ပြီးဆုံးကြောင်း သတင်းရရှိပါသည်။











0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video