Sunday, September 13, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ည နံနက်(၁၁) နာရီခွဲ ချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ပွင့်ဖြူမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပွင့်ဖြူမြို့နယ်၊ ကံသာကြီး ကျေး ရွာ တောင်ဘက် ပွင့်ဖြူ-မင်းဘူးသွား ကားလမ်း မိုင်တိုင်အမှတ် (၁၉/၆ နှင့် ၁၉/၇) အကြားတွင် ယာဉ် တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူသွား ရောက်စစ်ဆေးရာ ၄င်းလမ်း အတိုင်း မင်းဘူးဘက်မှ ပွင့်ဖြူဘက်သို့ ပွင့်ဖြူမြို့နယ်၊ အုတ်ဖိုကျေးရွာနေသူ ဦးသန်းဝင်း (၅၇)နှစ် မောင်းနှင်ပြီး နောက်မှ သားဖြစ်သူ မျိုးသန့် (၃၂)နှစ် လိုက်ပါ လာသော NULANGWAVE 125 ပန်းဆီနက်ရောင် ဆိုင်ကယ်သည် ၄င်းလမ်းအတိုင်း ရှေ့မှမောင်းနှင်နေသော ဆိုင်ကယ် (၂)စီးအား လမ်းဝဲဘက်မှ ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ဘေး သစ်ပင်အား ၀င်ရောက် တိုက်မိပြီး ဆိုင်ကယ်လဲကျကာ ဦးသန်းဝင်းမှာ ဒဏ်ရာများရရှိ သေဆုံးသွားပြီး မျိုးသန့်တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ ဦးသန်းဝင်းအား ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၄၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video