၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ ည (၉း၄၅)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဆိပ်ဖြူ-ဆော ကားလမ်း မိုင်တိုင် အမှတ် (၈/၃) အကြား၊ ဂွေးပင်ကျေးရွာအနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သက်သေ များ နှင့်အတူ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း ဆိပ်ဖြူဘက်မှ ဆောဘက်သို့ ပေါက်မြို့နယ်၊ ကျွန်းရင်းကျေးရွာနေသူ ယာဉ်မောင်း ထွန်းမောင် (၃၆)နှစ် မောင်းနှင်သော ၉ဌ/xxxx မှန်ထောင်ဖော စိမ်းပြာကြားရောင် ယာဉ်သည် ရှေ့မီးလုံးများ ပျက်တောက်သွားပြီး လမ်းယာဘက် ဘေးသို့ ထိုးကျ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ ရေနံချောင်းမြို့နယ်၊ ဂျုတ်ပင် ကျေးရွာနေသူ မဇင်မာငြိမ်း (၂၁)နှစ် ပါ(၂)ဦးတို့တွင် အပြင်းအထန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ထွန်းမောင်အား ဆိပ်ဖြူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၂၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။
Sunday, September 13, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment