Friday, September 11, 2015


မြို့သစ် စက်တင်ဘာ ၁၁
မကွေးခရိုင် မြို့သစ်မြို့နယ်တွင်ရပ်ကွက် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ
ကိုရွေးကောက်ပွဲဆိုင်ရာအသိပညာပေးသင်တန်းအမှတ်စဉ်၁/၂၀၁၅ သင်တန်းဖွင့်ပွဲကို စက်တင်ဘာလ၁၁ရက်နေ့ နံနက်၁၀း၀၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှုးဦးဗိုလ်အောင်မောင်မောင်က
 ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးသင်တန်းကိုတက်ရောက်လာသောသင်တန်းသား/သူများကို
သဘောပေါက်သိရှိနားလည်စွာသင်ယူလေ့လာသွားစေရန်နှင့်မိမိဒေသရောက်သည်နှင့်ဒေသခံပြည်
သူများမေးမြန်းသည့်အခါနားလည်အောင်ရှင်းပြနိုင်စေရန်အတွက်ယခုလိုသင်တန်းများဖွင့်လှစ်ပေး
ရကြောင်းရှင်းလင်းပာကြားပြီးမြို့နယ်ကော်မရှင်အဖွဲ့ဥက္ကဌဦးကျော်ဝင်းကရွေးကောက်ပွဲဆိုင်ရာလုပ်
ငန်းများအကြောင်းကိုလည်းကောင်းကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသောဦးအေး၊ဦးလှထွန်း၊တို့ကမဲစာ
ရင်းပြုစုခြင်း၊မဲစာရင်းကြေငြာခြင်းဆိုင်ရာများကိုလည်းကောင်း၊ဒေါ်ခိုင်မာလာဝင်းကရွေးကောက်ပွဲ
ဆိုင်ရာပြစ်မှုပြစ်ဒဏ်များအကြောင်းလည်းကောင်းသင်ကြား ပို့ချခဲ့ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video