Friday, September 11, 2015


နတ်မောက် စက်တင်ဘာ၁၁
နတ်မောက်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလွှတ်တော်
ကိုယ်စားလှယ်လောင်းများ၏ဆိုင်းဘုတ်နှင့်ရွေးကောက်ပွဲအောင်နိုင်ရေးပါ
တီဆောင်ပုဒ်ဆိုင်းဘုတ်တင်ပွဲကိုယမန်နေ့နံနက်၉နာရီကပြည်ထောင်စုကြံ့
ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ်ရုံးရှေ့တွင်ကျင်းပသည်။
အခမ်းအနားတွင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စား
လှယ်လောင်းလေးဦး၏ဆိုင်းဘုတ်နှင့်ပြုပြင်ပြောင်းလဲမှုဆက်လက်ဆောင်ရွက်

မည်ဆောင်ပုဒ်ဆိုင်ဘုတ်တို့ကိုလွတ်တော်ကိုယ်စားလှယ်လောင်းများကအမွှေးနံ့
သာများပတ်ဖြန်းပေးခဲ့သည်။ဆက်လက်၍ပြည်ထောင်စုကြံ့ခိုင်ရေးပါတီဝင်
များရှေ့တွင်လွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်သည့်ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်လောင်းဦးအောင်ကျော်စိုး၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း
ဦးဆန်းညွှန့်အောင်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးဘုန်းမော်နှင့်
တိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးအောင်ချိန်တို့မှနုတ်ခွန်းဆက်
စကားများအသီးသီးပြောကြားခဲ့သည်။ထို့နောက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါ
တီရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ရာဇာကျောက်မြတ်တူးဖေါ်ရေးကုမ္ပဏီမှ၁၅သိန်း
၊အောင်ပြည့်ချမ်းသာကုမ္ပဏီနှင့်ဗျုဇောတေးကုမ္ပဏီတို့မှ၁၀သိန်းနှင့်သိန်းဆီထွက်သီးနှံနှင့်
ပဲမျိုးစုံရောင်းဝယ်ရေးတို့က၅သိန်းတို့ကိုပေးအပ်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video