Wednesday, September 9, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ ညနေ (၆း၄၀) နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့သစ်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မြို့သစ်မြို့နယ်၊ သီးပင်ကျေးရွာ အနီး နေပြည်တော်- မြို့သစ်-ကံပြား ကားလမ်း မိုင်တိုင်အမှတ် ၄၉/၆နှင့် ၄၉/၇ အကြားတွင် ဆိုင်ကယ် တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ၄င်းလမ်း အတိုင်း မြို့သစ်ဘက်မှ နေပြည်တော်ဘက်သို့ မြို့သစ်မြို့နယ်၊ သီးပင်ကျေးရွာနေသူ အောင်ထက် (၂၅)နှစ် မောင်းနှင်လာသော ၄၅ယ/xxxx ဒါရမ်း-၁၂၅ အနက်ရောင် ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့သဖြင့် အောင်ထက်တွင် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ အောင်ထက်အား မြို့သစ်မြို့နယ်၊ မြို့မရဲစခန်းယာဉ် (ပ) ၃၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video