၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ ည (၇း၀၅) နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူ ခရိုင်၊ ပေါက်မြို့နယ်၊ ပေါက်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပေါက်မြို့၊ အောင်တံခွန် ရပ်ကွက်၊ ပေါက်-ပခုက္ကူ ကားလမ်းပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း ပေါက်မှ ရေပြာသို့ ပေါက်မြို့နယ်၊ ရွာသာအေး ကျေးရွာနေသူ သန်းဝင်းဇော် (၂၁)နှစ် မောင်းနှင်သော YGM 1I/xxxx MISUBISHI L 200 အဖြူရောင် ယာဉ် သည် ဆေးပေါင်းရုံ လမ်းတွင် လမ်း၏ ယာဘက်ခြမ်း အစပ်သို့ ထိုးရပ်စဉ် လမ်းဘေးတွင် ချရပ်နေသော အောင်တံခွန် ရပ်ကွက် နေသူ ဦးအောင်မင်း(၅၆)နှစ်၏ မက/xxxxx ဟွန်ဒါအမျိုအစား အစိမ်းရောင် ဆိုင်ကယ် အား နောက်မှ ၀င်ရောက်တိုက်မိသဖြင့် ဦးအောင်မင်းတွင် အပြင်းအထန် ဒဏ်ရာများရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ သန်းဝင်းဇော်အား ပေါက်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Wednesday, September 9, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment