Wednesday, September 9, 2015

၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ ညနေ (၆) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ကျွန်းခုံသာရွာတွင် ဆိုင်ကယ် တိမ်းမှောက် မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ဂန့်ဂေါမြို့နယ်၊ ကန်သာကျေးရွာနေသူ မဇင်နွယ်ဝင်း (၃၀)နှစ်သည် JLM-125 အစိမ်းရောင် ဆိုင်ကယ်ဖြင့် ယာခင်း မှ နေအိမ်သို့ပြန်လာစဉ် ကျွန်းခုံသာရွာ၊ ရွာလယ် လမ်းမတွင် ရှေ့ဘီးပေါက်၍ လမ်း၏ယာဘက်သို့ တိမ်းမှောက်ရာ အပြင်းအထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ မဇင်နွယ်ဝင်းအား ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်း ယာဉ်(ပ) ၁၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video