၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ နံနက် (၁၁) နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး မှုခင်းအကူ ဌာနစိတ်မှ ရဲတပ်ဖွဲ့ဝင်များ၊ ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ ရေစကြိုမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ရေစကြိုမြို့၊ အမှတ်(၂) ရပ်ကွက်၊ စည်ပင် သာယာရပ်နေသူ ဦးလှဖြိုး (၄၈)နှစ်၏ နေအိမ်တွင် နှစ်လုံးထီလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၁၂/၂၀၁၅)ဖြင့် ၀င်ရောက်ရှာဖွေရာ အိမ်ရှင် ဦးလှဖြိုးထံမှ နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်း များနှင့် လောင်းကြေး ငွေစက္ကူရောရာ ၁၆၅၄၀၀ိ/- တို့အား ရှာဖွေသိမ်းဆည်း ရမိပြီး နှစ်လုံးထီ လောင်း ကစား ပြုလုပ်ရန် ၄င်းနေအိမ်သို့ ရောက်ရှိနေသော ရေစကြိုမြို့နယ်၊ ရွှေချောင်း ကျေးရွာနေသူ ဟန်အေး (၅၂)နှစ်၊ ရေစကြိုမြို့နယ်၊ သာစည် ကျေးရွာနေသူ မြင့်စိန် (၄၉)နှစ်၊ အောင်ညွန့် (၅၂) နှစ်၊ ရေစကြိုမြို့၊ အမှတ်(၂) ရပ်ကွက်နေသူ မျိုးမြင့် (၅၁)နှစ်တို့ထံမှ နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြု သော စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများ နှင့် လောင်းကြေး ငွေစက္ကူရောရာ ၂၉၂၀၀ိ/- တို့အား ရှာဖွေသိမ်း ဆည်း ရမိခဲ့သဖြင့် လောင်းကစားဒိုင်ပြုလုပ်သူ ဦးလှဖြိုးနှင့် နှစ်လုံးထီ လောင်းကစား ပြုလုပ် ရန် နေအိမ် သို့ ရောက်ရှိနေသူ ဟန်အေးပါ(၄)ဦး တို့အား ရေစကြိုမြို့နယ်၊ မြို့မရဲစခန်း(ပ) ၁၇၁/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
အလားတူ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ ညနေ (၃) နာရီခွဲ အချိန်ခန့်တွင် မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တောင်တွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၂၆/၂၀၁၅)ဖြင့် တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၁)ရပ်ကွက်နေသူ မသီတာ(ခ) မသီတာအောင် (၄၂)နှစ် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နှစ်လုံးထီလောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများ၊ လောင်းကြေး ငွေစက္ကူရောရာ ၂၂၈၀၀ိ/- တိုအား ရှာဖွေသိမ်း ဆည်း ရမိသဖြင့် တရားမ၀င် နှစ်လုံးထီ လောင်းကစား ပြုလုပ်သူ မသီတာ(ခ) သီတာအောင် အား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၆၅/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment