၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ ည(၀၀း၃၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် မကွေးမြို့၊ ရွာသစ်ပွဲကြို ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ``စန်းရတနာ-၁´´ တည်းခိုခန်း၊ အခန်းအမှတ် (၁၄)တွင် မသင်္ကာဖွယ် လူတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ သက်သေများ နှင့်အတူ ၀င်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ပျဉ်းဘာကျေးရွာနေသူ ပိုင်သူရကျော် (၂၃)နှစ် ဖြစ်ကြောင်း သိရပြီး ၄င်းနှင့်အတူ ပါလာသော ၂၁ယ/၅၄၅၀၁ နံပါတ်ပါ ရှာရန်း-၁၁၀ နီနက်ကြား ဆိုင်ကယ်(၁)စီး (တန်ဘိုး ၂၅၀၀၀၀ိ/-) နှင့်ပတ်သက်၍ ပိုင်ဆိုင် ကြောင်း တစ်စုံတစ်ရာ ပြောဆို ပြသနိုင်ခြင်း မရှိ သဖြင့် နေအိမ် အဆောက်အဦး တစ်နေရာရာမှ ခိုးယူလာသည်ဟု ယုံကြည်ရန် အကြောင်းရှိ၍ ပိုင်သူရကျော်အား မကွေးမြို့နယ်၊ မြို့မရဲစခန်း(ပ) ၃၅၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/ကျင့်၅၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
အလားတူ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ နံနက် (၁၁)နာရီ အချိန် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီကျေးရွာ၊ ဂန့်ဂေါ-ကလေး ကားလမ်းမပေါ်ရှိ ရွှေမေတ္တာ လ္ဘက်ရည်ဆိုင် အနီး လမ်းမပေါ်တွင် ဟံသာဝတီကျေးရွာနေသူ သိန်းလျန်ထန် (၂၅)နှစ်အား SUPER ANBO-125 အနက် ရောင် ဆိုင်ကယ်နှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် သက်သေများနှင့်အတူ စစ်ဆေးရာ ဆိုင်ကယ်အား ပိုင်ဆိုင်ကြောင်း တစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်း မရှိသဖြင့် တစ်နေရာရာမှ ခိုးယူလာသည်ဟု ယုံကြည်ရန် အကြောင်းရှိ၍ သိန်းလျန်ထန်းအား ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေ ရဲစခန်း (ပ)၆၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉/ကျင့် ၅၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment