Wednesday, September 9, 2015
3:42 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျေးရွာများသို့ နယ်လှည့်ဆေးကုသရာတွင် ပါဝင်သော ဆရာဝန်များနှင့်သူနာပြုများအား ဂုဏ်ပြုပွဲ အခမ်းအနား ကို စက်တင်ဘာ ၇ ရက်ည ၇ နာရီက မကွေးမြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးဥပဒေချုပ်၊ စာရင်းစစ် ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မင်းဘူး(စကု) မြို့နယ် နယ်လှည့်ဆေးကုသရာတွင် ပါဝင်ခဲ့သော တိုင်းဒေသကြီးဆေးရုံကြီး၊ သင်ကြားရေး ဆေးရုံ၊ တိုင်းရင်းဆေးရုံ၊ မင်းဘူးခရိုင်ဆေးရုံ ၊တိုက်နယ်ဆေးရုံတို့မှ အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်၊ ဆရာမများ၊အထောက်အကူပြုအဖွဲ့များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး နယ်လှည့်အခမဲ့ ဆေးကုသရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာသန်းဦး သင်ကြားရေးဆေးရုံ အုပ်ကြီး(ငြိမ်း)မှ ဆေးကုသမှုနှင့်ပတ်သက်၍အတွေ့အကြုံများအားရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ၀န်ကြီးချုပ်မှ နယ်လှည့် အခမဲ့ဆေးကုသရာတွင်ပါဝင်သော အဖွဲ့ခေါင်းဆောင်
ဒေါက်တာသန်းဦး နှင့်အဖွဲ့အားဂုဏ်ပြုလက်ဆောင်နှင့်ဂုဏ်ပြုမှတ်တမ်း လွှာများအားပေးအပ်ခဲ့သည်။
ထို့နောက် မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးဦးခင်မောင်မြင့်မှ ခရိုင်အတွင်း နယ်လှည့်အခမဲ့ ဆေးကုသပေးသော အထူးကုဆရာဝန်ကြီးများ၊ဆရာဝန် ဆရာမများအား ကျေးဇူးတင်စကားပြော ကြားခဲ့ပြီး ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆင်ရဲနွမ်းပါး မှုလျှော့ချရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိရာ ကျေးလက်လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်ရေးမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်နေ
ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို အလေးထားဆောင်ရွက်နိုင်ရေး အတွက် ကျန်းမာရေး ဦးစီးဌာန၊ ကုသရေး ဦးစီးဌာန နှင့် တိုင်းဒေသကြီိးမိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့၊ စေတနာရှင်ပြည်သူများပူးပေါင်း၍ ကျေးရွာအရောက် နယ်လှည့်ဆေးကုသခြင်း လုပ်ငန်းများကို
အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာများအား ၂၀၁၅ ခုနှစ် အတွင်းတတိယအကြိမ်အဖြစ် သြဂုတ်၂၄ ရက်နေ့မှစက်တင်ဘာ ၂ ရက်နေ့အထိ ဆောင်ရွက်ခြင်း ဖြစ်ပြီး အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်နှင့်သူနာပြုများမှ အထွေထွေရောဂါ၊ ခွဲစိတ်၊ မျက်စိ၊ ကလေး၊ သွားနှင့်ခံတွင်း၊အရိုးအကြော၊တိုင်းရင်းဆေးများမှ လူနာပေါင်း (၉၄၈၉)ဦးအား ဆေးကုသပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)



0 comments:
Post a Comment