Sunday, September 6, 2015
2:56 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ပွင့်ဖြူ စက်တင်ဘာ ၎
ပွင့်ဖြူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရုံးနစ်နာခဲ့ကြသော ကျောင်းသား ကျောင်းသူများနှင့်ပညာရေးဝန်ထမ်းများ
အား မြို့နယ်ပညာရေးမှူးရုံး၏ကြီးကြပ်ဆောင်ရွက်မှုဖြင့် မကွေးခရိုင်ပညာရေမှူးရုံးမှလှူဒါန်းသော ငွေကျပ် ၁၀ သိန်းနှင့်အခြား
အလှူရှင်များမှစုပေါင်း လှူဒါန်းသည့်ငွေကြေးများစုပေါင်း၍ ထောက်ပံ့ပေးအပ်ပွဲကို စက်တင်ဘာ ၄ ရက်နံနက် ၁၀ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ ရေနစ်မြုပ်ရာ
တွင် နေအိမ်ပျက်စီး သွားသော ကျောင်းသား ၁၂၉ ဦးအား တစ်ဦးလျင် ငွေကျပ်တစ်သောင်း၊နေအိမ်ပျက်စီးသွားသော ၀န်ထမ်း ၄ ဦးအား တစ်ဦးလျင် ငွေကျပ်ငါးသောင်းနှုန်းနှင့်ရေနစ်မြုပ်သော ၀န်ထမ်းများအား တစ်ဦးလျင် တစ်သောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ပေး
အပ်ခဲ့ရာ မြို့နယ်ပညာရေးမှူးဒေါ်သီတာထွန်းမှ ကျောင်းသားနှင့်ကျောင်းသားမိဘများ၊သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့်နေအိမ်
ပျက်စီးသွား သည့်ဝန်ထမ်းများ၏လက်ဝယ်သို့ပေးအပ်ခဲ့သည်။
ဆက်လက်၍ မုန်းချောင်းရေဘေး ကယ်ဆယ်ကူညီရေးအဖွဲ့ကပွင့်ဖြူမြို့နယ်အတွင်း ရေဘေးသင့်ခဲသောကျောင်းများထဲမှ
မူလတန်းကျောင်း၂၀ အားတစ်ကျောင်းလျင် ငွေကျပ် နှစ်သိန်းခွဲနှုန်းဖြင့် အဖွဲ့ခေါင်းဆောင် ဦးဘိုရဲနှင့်အဖွဲ့ကမြို့နယ်ပညာရေးမှူးထံသို့ စုစုပေါင်းငွေကျပ် သိန်း(၅၀)အားထောက်ပံ့ပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူးမှရေဘေးသင့်မူလတန်းကျောင်း ၂၀ မှ
ကျောင်းအုပ်ကြီးများနှင့် ကျောင်းကော်မတီများထံ ပြန်လည် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)



0 comments:
Post a Comment