Sunday, September 6, 2015



 ချောက် စက်တက်ဘာ ၄ ရက်
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များမှရွေးကောက်ပွဲအောင်မြင်စွာ
ကျင်းပနိင်ရေး မြို့နယ်ရပ်/ကျေးကော်မရှင်အဖွဲ့ဝင်များအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့
နံနက်(၀၉း၃၀)အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲအဖွဲ့ဝင် ဦးအောင်စန်းမှရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊

နည်းဥပဒေများကိုလည်းကောင်း၊ခရိုင်ရွေးကောက်ပွဲကော်မရှင်တာဝန်ခံဦးထွန်းလွင်က ရွေးကောက်ပွဲ
ဆိုင်ရာလုပ်ငန်းလမ်းညွန်ချက်များကိုရှင်းလင်းပြောကြား၍့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်
အတွင်းရေးမှူးဦးမောင်ရွှေသိန်းမှရွေးကောက်ပွဲဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်

ကိုပြောကြားခဲ့ကြောင်းသိရှိရသည်။ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှတာဝန်ရှိသူ
များသည်ဆွေးနွေးပွဲသို့တက်ရောက်လာသောဂွေးပင်နှင့်ပခန်းငယ်တိုက်နယ်မှရပ်/ကျေးကော်မရှင်အဖွဲ့ဝင်
(၁၀၅)ဦးအာီးအဖွဲ့(၈)ဖွဲ့ခွဲ၍ရွေးကောက်ပွဲဆိုင်ရာကိစ္စလုပ်ငန်းလမ်းညွန်ချက်များကိုအပြန်အလှန်ဆွေးနွေး
ခဲ့ကြောင်းသိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video