ဆင်ပေါင်ဝဲ စက်တင်ဘာ ၎
ဆင်ပေါင်ဝဲမြို့နယ်
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ၂၀၁၅ မိုးသီးနှံ
စိုက်ပျိုးသောတောင်သူများသို့ စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၁၅ခုနှစ်မေလ
၂၉ ရက်နေ့မှစ၍ကျေးရွာအုပ်စုအလိုက် ထုတ်ချေးပေးခဲ့ရာ ဆင်ပေါင်ဝဲမြို့နယ်
အတွင်းရှိ ကျေးရွာအုပ်စု ၄၈ အုပ်စုအတွက် ချေးငွေကျပ်သိန်းပေါင်း
(၂၆၉၉၅.၄၀) ကိုတောင်သူဦးရေ ၁၂၄၃၅ ဦးတို့အား သြဂုတ်လ ၂၈ ရက်နေ့တွင်
အပြီးသတ်ထုတ်ချေးပေးခဲ့ပြီိးဖြစ်သည်။မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စပါးစိုက်ပျိုးမြေတစ်ဧကလျှင်ငွေကျပ်
တစ်သိန်းနှုန်း
ဖြင့်(၁၄၂၅၇)ဧက၊အခြားသီးနှံမျိုးစုံစိုက်ပျိုးမြေတစ်ဧကလျှင်နှစ်သောင်းနှုန်းဖြင့်နှမ်း(၃၀၁၃၁)ဧက၊ပဲတီစိမ်း(၈၅၆၄)ဧက၊
ပဲစဉ်းငုံ(၄၉၄၀)ဧက၊မြေပဲ(၂၀၀၅၇)ဧက၊စုစုပေါင်း(၇၇၉၄၉)ဧကကိုထုတ်ချေးပေးခဲ့ကြောင်းနှင့်
အတိုးငွေကျပ် ၁၀၀ လျှင်တစ်နှစ် ငါးရာခိုင်နှုန်းဖြစ်ပြီး တစ်လအတွက်ကျသင့်အတိုးနှုန်းမှာ ၁၀၀ ကျပ်လျှင် ၄၂ ပြားနှုန်းသာ အတိုးကောက်ခံခဲ့ကြောင်း သိရှိရသည်။
Sunday, September 6, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment