Monday, September 14, 2015


အောင်လံ စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီးသရက်ခရိုင် အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည်
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများဆောင်ရွက်ရန် ဆိုလာပြားများကိုပေးအပ်ခဲ့ရာ ၂၀၁၅-၂၀၁၆ခု ၊ ဘဏ္ဍာရေးနှစ်အတွက် ဆိုလာပြားများကို ယမန်နေ့ နံနက်ပိုင်းက ညောင်ပင်သာကျေးရွာ ၊ မြို့လှ(ကျောင်းစု)ကျေးရွာ တောင်ပုလုကျေးရွာတို့သို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းလွင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းဆင့် ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးကြည်တို့သည် ကျေးရွာသူ/ကျေးရွာသားများထံအိမ်တိုင်ယာရောက် သွားရောက်၍ ပေးအပ်ခဲ့ကြသည် ။
ထိုသို့ပေးအပ်ခဲ့ကြရာတွင် ကျေးရွာ(၈)ရွာအတွက် ရရှိသော ဆိုလာပြားအရေအတွက်မှာ အချပ်ပေါင်း (၄၄၀)ဖြစ်ပြီး တန်ဘိုးငွေအားဖြင့် (၈၃. ၆)သန်းဖြစ်ကြောင်းသိရသည် ။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video