Monday, September 14, 2015
4:49 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ကံမ စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှေ့ မျက်နှာစာတွင် စက်တင်ဘာ ၁၄ ရက် နံနက် ၉ နာရီက ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ဖွင့်ပွဲ အခမ်းအနားကိုကျင်းပပြုလုပ်ရာ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ၊ ဗဟိုကော်မတီဝင် ဦးကြည်မင်း ၊ မြို့နယ်အတွင်းရေးမှူးဦးမြင့်ရွှေ နှင့် ပါတီဝင်တစ်ဦးဖြစ်သူ ဦးဇော်လင်းအောင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါဖွင့်ပွဲသို့ရပ်ကွက် ၊ကျေးရွာအုပ်စုများမှ စည်းရုံးရေးမှူးများနှင့်အမှုဆောင်များ၊ ပါတီဝင် ၁၀၀၀ ကျော်ခန့်တက်ရောက်ကြသည်။အခမ်းအနားမစတင်မှီ နံနက် ၅ နာရီ တွင်ဆရာတော် သံဃာတော်များအားဝါဆိုသင်္ကန်းများဆက်ကပ်ပြီး အရုဏ်ဆွမ်း ဆပ်ကပ်ခဲ့ကြကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment