Monday, September 14, 2015
4:50 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ကျောက်ထု စက်တင်ဘာ ၁၄
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ စပါးခင်းများ၌ ဖြုတ်ပိုးရောဂါကျရောက်မှုများရှိသဖြင့် ဂန့်ဂေါခရိုင် စိုက်ပျိုးရေးဦးစီးဌာန ပိုးမွှားတာဝန်ခံ ဦးခင်အောင် ၊ မျိုးစေ့တာဝန်ခံ ဒေါ်သွဲ့သွဲ့ညွန့် ၊ မြေအသုံးချရေးတာဝန်ခံ ဦးမြင့်နိုင်၊ ကျောက်ထုမြို့စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးခင်မောင်ကြည်တို့ပါဝင်သည့်အဖွဲ့သည် စက်တင်ဘာ ၁၂ ရက်က တောင့်တက်၊ ကံကြီး၊ ရင့်ရဲ၊ တောခလွန်၊ ပန်းဆန်၊ ဂုံဘိုကျေးရွာများနှင့် လေယာဉ်ကွင်းရပ်ကွက်တို့ရှိ လယ်မြေများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးချက်အရ ဖြုတ်ပိုးရောဂါကျရောက်ပြီး ဘက်တီးရီးယားရောဂါပိုးများ ဝင်ရောက်နေသည်ကိုတွေ့ရသည့်အတွက် ကာကွယ်ဖြေရှင်းရန်နည်းလမ်းများအား တောင်သူလယ်သမား များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဆိုပါအဖွဲ့သည် ကျောက်ထုဒေသတွင် စိုက်ပျိုးထားသည့် ပုလဲသွယ်စပ်မျိုး စပါးခင်းအား သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment