Monday, September 14, 2015



မင်းဘူး စက်တင်ဘာ ၁၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ (၁၄)ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲစာရင်းကပ်ပြီး ကြေညာလျက်ရှိရာ မင်းဘူးမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းများ ကပ်၍ ကြေညာထားလျက်ရှိသည်။ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ များရှိ မဲဆန္ဒရှင်ပြည်သူများမှ သွားရောက်ကြည့်ရှုပြီး၊ မိမိအမည်မပါလျင် ပုံစံ(၃)ဖြင့် ဖြည့်ပေးရန်၊မပါသင့်သူပါနေ လျင် ပုံစံ(၄)ဖြင့် ပယ်ဖျက်ပေးရန်၊ အချက်အလက်မှားနေလျင် ပုံစံ(၄-ဂ)ဖြင့် ပြင်ပေးရန် ၊မဲပေးခွင့် မဆုံးရှုံး စေရန် မဲစာရင်းသွားကြည့်၍ ဖြည့်စွက်/ပြင်ဆင်/ပယ်ဖျက်ခြင်းများအား လွတ်လပ်စွာ လာရောက်ကြည့်ရှု လျက်ရှိသည်။
မင်းဘူးမြို့နယ်တွင် ကျေးရွာအုပ်စု(၇၄)အုပ်စု၊ကျေးရွာ(၁၅၀)ရွာတွင် မဲရုံးပေါင်း(၁၇၂)ရုံးဖြင့် မဲပေးပိုင်ခွင့် ရှိသူ (၁၂၈၃၄၉)ဦး ရှိကြောင်းနှင့် အများပြည်သူဆန္ဒမဲပေးရာတွင် လွတ်လပ်၍ တရားမျှတ အေးချမ်းစွာ မဲပေးနိုင်ရေးတို့အတွက်ကြိုတင်စီမံ ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်းသိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video