၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ (၆) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ မင်းဘူးမြို့နယ်၊ စကုမြို့၊ အမှတ်(၁)ရပ်ကွက်တွင် လူတစ်ဦးဓါတ်လိုက် သေဆုံးကြောင်း သတင်းအရ စကုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေးရာ ၎င်းရပ်ကွက်နေ ဦးညိုဌေး(၅၄)နှစ်သည် ၄င်းနေအိမ်ရှေ့ အုတ်ကန်ရေတင်ရန်အတွက် လျှပ်စစ် ရေမော်တာအား မီးပလပ်ပေါက်ထိုးရာမှ ဓါတ်လိုက်သေဆုံးကြောင်း သိရှိရသဖြင့် ဦးညိုဌေး၏ သေဆုံးခြင်း အကြောင်း ရင်းမှန်အား သိရှိနိုင်ရန်အတွက် မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်း သေမှု သေခင်းအမှတ်စဉ် (၉/၂ဝ၁၅) အရ အမှုရေးဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
အလားတူ ၎င်းနေ့ နံနက် (၇) နာရီခွဲအချိန်တွင် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဘုန်းတော်ပြည့် ကျေးရွာတွင် လူတစ်ဦးလျှပ်စစ်ဓါတ်လိုက်သေဆုံးကြောင်း အကြောင်းကြားချက်အရ မြေတော်ရဲကင်း စခန်းမှူးနှင့် အဖွဲ့ သည် သက်သေများနှင့်အတူ အခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေး ခဲ့ရာ သေဆုံး သူ ဇော်ဇော်အောင် (၁၇)နှစ်သည် ၄င်း၏နေအိမ်ခြံဝန်းအတွင်းရှိ ကုက္ကိုပင်အား တက်ခုတ်ပြီး ရှင်းလင်းရာ နေအိမ်နှင့် လမ်းမီး တိုင်သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးမှာ သစ်ကိုင်းပြုတ်ကျမှု ကြောင့် ပြတ်တောက်နေ သဖြင့် ပြန် ဆက်စဉ် ဓါတ်လိုက်သေဆုံးကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သေဆုံးခြင်းအကြောင်းရင်းမှန်အား သိရှိနိုင် ရန်အတွက် ရေစကြိုမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁ဝ/၂ဝ၁၅) အရ ရေးဖွင့်ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment