၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် (၉) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ မင်းဘူးမြို့နယ်၊ မင်းဘူး-အမ်းကားလမ်း မိုင်တိုင်အမှတ် ၁၇/၆ အနီးတွင် ယာဉ်တိုက်မှု ဖြစ် ပွားကြောင်း သတင်းအရ စကုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွား ရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
မင်းဘူးဘက်မှ ပဒါန်းဘက်သို့ နေပြည်တော်တိုင်းဒေသကြီး၊ ဇဗ္ဗူသီရိမြို့နယ်၊ အမှတ်(၁၄) ရပ်ကွက် နေ ဟိန်းမင်းလတ် (၂၇)နှစ် မောင်းနှင်လာသော 6F/xxx ၊ ပက်ထရိုနီဆန်းအဖြူရောင်ယာဉ်မှာ လမ်း အကွေ့ တွင် အရှိန်လွန်ပြီး တစ်ဘက်ယာဉ်ကြောမျက်နှာချင်းဆိုင်မှလာသော မင်းတုန်းမြို့နယ်၊ စန်းကြီးကျေးရွာနေ မဇင်မာလွင် (၂၃)နှစ် မောင်းနှင်လာသော NULALG-125 အနက်ရောင် ဆိုင်ကယ်အား ဝင်ရောက် တိုက် မိပြီး ၄င်းနောက်မှကပ်ပါလာသော မင်းတုန်းမြို့နယ်၊ တုတ်လယ် ကျေးရွာနေ မသူဇာလွင်(၂၃)နှစ် စီးနင်း လာသော XIENIS-110 အဖြူရောင်ဆိုင်ကယ်အား ထပ်မံချိတ်မိခဲ့သဖြင့် မဇင်မာလွင်တွင် န ဖူးပေါက်ပြဲ၊ ဝဲပေါင်/ယာခြေဖမိုးပွန်းရရှိသေဆုံးသွားပြီး မသူဇာလွင်တွင် ဝဲ/ယာပါးပွန်း၊ နဖူးပေါက်ပြဲ၊ ရင်ညွှန့်ပေါက်ပြဲ ဒဏ်ရာတို့ရရှိခဲ့သဖြင့် ယာဉ်အား မဆင်မခြင် မောင်းနှင်သူ ဟိန်းမင်းလတ်အား မင်းဘူးမြို့နယ်၊ စကု နယ်မြေရဲစခန်း ယာဉ်(ပ)၂၁/၂ဝ၁၅၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၇/၃၃၈ အရ အမှုဖွင့် အရေး ယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။


0 comments:
Post a Comment