Monday, September 14, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ မကွေးမြို့၊ အောင်မေတ္တာအဝိုင်းတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၄) ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မကွေးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ အခင်းဖြစ် အရပ်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

 မင်းလှမြို့နယ်၊ မင်းတဲကြီးကျေးရွာနေ ဝင်းတင်(၃၆)နှစ်မောင်းနှင်သော 6G/xxxx ၊ TOYOTA LAND CRUISER KZL အဖြူရောင်ယာဉ်သည် အောင်မေတ္တာအဝိုင်းပတ်မှ ကမ်းနားလမ်းဘက်သို့ မောင်းနှင် လာ စဉ် အောင်မေတ္တာ(၇)လမ်းထိပ်အရောက်တွင် ၄င်းလမ်းအတိုင်း မျက်နှာချင်းဆိုင်မှလာသော မကွေးမြို့ ၊ အောင်မေတ္တာရပ်နေ သိန်းလွင်(၂၈)နှစ် မောင်းနှင်ပြီးနောက်မှ ဇနီးဖြစ်သူ မယဉ်မြတ်မွန် (၂၈)နှစ် စီးနင်း လိုက်ပါလာသော ၃၁ယ/xxxx၊ FOLLOW ME-110 အနက်ရောင်ဆိုင်ကယ်အား ဝင်ရောက် တိုက်မိ ၍ မောင်းနှင်ထွက်ပြေးရာ ကိုက် (၁ဝဝ) ခန့်အကွာတွင် အောင်မေတ္တာ ရပ်ကွက်နေ ကျော်မင်း (၂၈)နှစ်မောင်းနှင်လာသော ၃၃ယ/xxx ၊ YESANBO-110 အနက်ရောင်ဆိုင်ကယ်အား ဆက်လက် ဝင်ရောက်တိုက်မိပြီး ထပ်မံမောင်းနှင်ထွက်ပြေးရာ ကိုက်(၅ဝ)ခန့်အကွာတွင် အောင် မေတ္တာရပ်ကွက်နေ ငြိမ်းဇော်သူ(၂၆)နှစ်မောင်းနှင်ပြီး နောက်မှဇနီးဖြစ်သူ မခိုင်သူဇာ(၂၉)နှစ် လိုက်ပါ စီးနင်းလာသော ၃ယ/xxx ၊ KENBO-110 အနက်ရောင်ဆိုင်ကယ်အား ဝင်ရောက်တိုက်မိသဖြင့် ဆက်လက်မောင်းနှင် ထွက်ပြေးရာ ကိုက်(၂ဝ)ခန့်အကွာတွင် အောင်မေတ္တာရပ်ကွက်နေ မနှင်းနုဝါ (၃ဝ)နှစ် မောင်းနှင်လာသော ယာယီ/xxx ၊ YINXAING-110 အဖြူရောင်ဆိုင်ကယ်အား ဝင်ရောက် တိုက်မိထွက်ပြေးစဉ် ကင်း ဘုန်းကြီးကျောင်းရှေ့အရောက်၌ ကင်းကျောက်ကုန်းရပ်ကွက်နေ ထက်ဆန်းလင်း (၁၆)နှစ်အား တိုက်မိ သဖြင့် ယာဉ်တိုက်မှုကြောင့် သိန်းလွင်၊ မယဉ်မြတ်မွန်၊ ကျော်မင်း၊ငြိမ်းဇော်သူ၊မခိုင်သူဇာနှင့်ထက်ဆန်းလင်း တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး မနှင်းနုဝါမှာ နဖူးပေါက်ပြဲဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံး သွားကြောင်း တွေ့ရှိရသဖြင့် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ဝင်းတင်အား မကွေးမြို့နယ်၊ မကွေး နယ်မြေရဲစခန်း ယာဉ်(ပ) ၄၄/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၇ အရအမှုဖွင့်အရေးယူ ဆောင် ရွက်လျှက်ရှိ ကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video