Sunday, September 13, 2015
10:39 AM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေးတွင် ကြက်ခြေနီအခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်းဖွင့်လှစ်
မကွေး စက်တင်ဘာ ၁၂
မကွေးမြို့နယ် ကြက်ခြေနီအသင်းနှင့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်ခွဲ(မကွေး)တို့ ပူးပေါင်းဖွင့်လှစ် သည့် ကြက်ခြေနီအခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်းကို ယနေ့နံနက်(၉)နာရီက မကွေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အစည်းအဝေးခန်းမတွင်ပြုလုပ်သည်။
အခမ်းအနားတွင် မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးနှင့် မြို့နယ်ပညာရေးမှူးတို့က အဖွင့် အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီဒုတပ်ရင်းမှူး ဦးမြင့်သိန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပါသည်။ ဆက်လက်ပြီး အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်(မကွေး)က မန်နေဂျာ ဒေါ်နီနီအေးကမကွေးမြို့နယ်ကြက်ခြေနီအသင်းသို့ ထောက်ပံ့ငွေ(၃)သိန်းအားပေးအပ်လှူဒါန်းရာ မကွေးမြို့နယ် ကြက်ခြေနီအသင်း ဒုတပ်ရင်းမှူး ဦးမြင့်သိန်းက လက်ခံရယူပါသည်။
မကွေးမြို့နယ်ကြက်ခြေနီအသင်းအနေဖြင့် မကွေးမြို့နယ်အတွင်းကြက်ခြေနီအခြေခံရှေးဦး သူနာပြုစုခြင်းသင်တန်း(၆)ခုဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါသည်။ အဆိုပါသင်တန်းတွင် စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်၍ သင်တန်းကာလမှာ ၁၂.၉.၂၀၁၅ရက်နေ့မှ ၁၈.၉.၂၀၁၅ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပြီး အလယ်တန်းအဆင့်ကျောင်းသား/သူ(၅၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment