၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ ည (၁၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၂၆၄/၃ အနီးတွင် စောင့်ဆိုင်းနေစဉ် ပဒါန်းကျေးရွာဘက်မှ ရွှေစက်တော်ဘုရား ဘက်သို့ စကုမြို့၊ ဘုရားလှရပ်ကွက်နေသူ ကိုလတ်(ခ) ကျော်ဇင်ဝေ (၃၆)နှစ် မောင်းနှင် စီးနင်း လာသည့် ၁၀ယ/၃၉၃၈၂ ကန်ဘို ၁၁၀ အစိမ်းရောင် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ် ရှေ့ရင်ညှပ်ခွင်အတွင်း ထားသည့် အနက်ရောင်အိတ် အတွင်းမှ နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသည့် ဘောင်ချာ စာအုပ်များနှင့် ငွေစက္ကူရောရာ ၁၁၁၁၅၀၀ိ/-အား ရှာဖွေသိမ်းဆည်း ရမိသဖြင့် တရားမ၀င် နှစ်လုံးထီလောင်းကစားပြုလုပ်သူ ကိုလတ်(ခ) ကျော်ဇင်ဝေ အား ငဖဲမြို့နယ်၊ မြို့မရဲစခန်း (ပ)၇၂/ ၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။
Tuesday, September 15, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment