Tuesday, September 15, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ ည (၈း၁၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေ အတွင်း လှည့်ကင်း ဆောင်ရွက်နေစဉ် မြို့သစ်မြို့၊ လယ်ပြင်ရပ်ကွက်၊ နေပြည်တော်-မြို့သစ် ကားလမ်းဆုံ အနီးတွင် မသင်္ကာဖွယ် လူတစ်ဦးအား တွေ့ရှိစစ်မေးရာ နတ်မောက်မြို့၊ အင်းကုန်း(တ) ကျေးရွာနေ မြဆောင် (ခ) နေထက်လင်း (၂၄)နှစ်ဖြစ်ပြီး ၄င်းထံမှတွေ့ရှိရသော (၀၉၂၆၂၂၁၅၃၉၇) ဆင်းကဒ်ပါ SMP အမျိုးအစား အဖြူရောင် ဟန်းဆက်(၁)လုံး တန်ဘိုး ၈၀၀၀၀ိ/-နှင့် ပါတ်သက်၍ ၄င်းပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ မပြသနိုင်၍ တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာသဖြင့် မြဆောင် (ခ)နေထက်လင်း အား မြို့သစ်မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၃၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄အရ ရေးဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video