Tuesday, September 15, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် (၈း၄၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ အမှတ် (၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များနှင့် သရက်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သရက်မြို့နယ်၊ စက်တောင်ကျေးရွာအနီး၊ သရက်-ကံမကားလမ်း မိုင်တိုင်အမှတ် (၆/၃) အနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း ကံမဘက်မှ သရက်ဘက်သို့ သရက်မြို့နယ်၊ ဖျောက်ဆိပ်ခုံ ကျေးရွာနေသူ ယာဉ်မောင်း ဦးစန်းမိုး(၄၁)နှစ် မောင်းနှင်သော ထော်လာဂျီ စိမ်းပုတ်ရောင် ယာဉ်သည် ကုန်းအဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်သို့ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ယာဉ်မောင်း ဦးစန်းမိုးနှင့် သရက်မြို့၊ မြောက်ပိုင်းရပ်ကွက်နေ ဦးအောင်မြိုင် (၄၂)နှစ် ပါ(၃)ဦးတို့တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ဦးစန်းမိုးအား သရက်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၂၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ ရေးဖွင့်ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video