၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ (၆း၄၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရမ်း ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဂန့်ဂေါမြို့နယ်၊ သင်တောကျေးရွာ၏ အနောက်ဘက် ဂန့်ဂေါ-ကလေး ကားလမ်း မိုင်တိုင်အမှတ် ၃၄/ ၃နှင့် ၃၄/၄ အကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း မုံရွာ ဘက်မှ တမူးဘက်သို့ ဘုတလင်မြို့နယ်၊ သခွတ္တနယ်ကျေးရွာ နေသူ ယာဉ်မောင်း စိုင်းဝေဖြိုး (၂၂)နှစ် မောင်းနှင်သော ၃ခ/xxxx လီဖန်းအပြာရောင် (၆)ဘီးယာဉ်သည် ကွမ်းသီး အိတ်များ တင်ဆောင် မောင်းနှင်လာစဉ် ၄င်းလမ်းအတိုင်း ဟံသာဝတီကျေးရွာ ဘက်မှ ကန်သာကျေးရွာ ဘက်သို့ ဂန့်ဂေါမြို့နယ်၊ ကန်သာကျေးရွာနေသူ နုမောင် (၂၈)နှစ် မောင်းနှင်စီးနင်းလာသည့် ကန်ဘို ၁၂၅ အနက်ရောင် ဆိုင်ကယ်အား မျက်နှာချင်းဆိုင် ၀င်ရောက်တိုက်မိရာ နုမောင်ဒဏ်ရာများ ရရှိခဲ့ ၍ မြောက်ခင်ရမ်း တိုက်နယ်ဆေးရုံသို့ ပိုအပ်ကုသစဉ် သေဆုံးသွားသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ စိုင်းဝေဖြိုး အား ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေ ရဲစခန်း ယာဉ်(ပ)၁၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။
Tuesday, September 15, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment