Tuesday, September 15, 2015

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ (၃)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ နတ်ရွာကျေးရွာနေသူ ဦးကံတင့် (၅၈)နှစ်သည် ဇနီးဖြစ်သူ နှင့်အတူ ရွာအနောက်ဘက် (၂)ဖာလုံခန့်အကွာ ယာခင်းမှ ခရမ်းချဉ်သီးခူးပြီး ပြန်လာရာ နေအိမ်သို့ ရောက်ရှိစဉ် တံခါးဘေးနံရံရှိ သစ်သားခွက်အတွင်း ထားခဲ့သော အိမ်တံခါးသော့အား မတွေ့ရှိရဘဲ အိမ်ဝိုင်း အတွင်းရှိ နွားတင်းကုပ်တွင် နေထိုင်သော တူဖြစ်သူ အောင်ဇေယျာ(ခ) အာလူး (၂၃)နှစ်မှ တံခါးသော့အား လာရောက် ပေးအပ်ခဲ့ကြောင်း၊ ည (၇)နာရီ အချိန်ခန့်တွင် အိပ်ယာဝင်ရန် အိမ် အပေါ်ထပ်သို့ ရောက်ရှိစဉ် အိပ်ယာဘေးရှိ ကျွန်းသေတ္တာမှာ သော့ခလောက် မရှိသည်ကို တွေ့ရှိရ၍ သေတ္တာအတွင်း စစ်ဆေးရာ အလေးချိန် (၅)မူးသားခန့်ရှိ ပန်းလက်ကောက်အလုံး (၄)ကွင်း၊ (၅)မတ်သားခန့်ရှိ သံကြိုးကုံးပုံစံ ရွှေဆွဲကြိုး (၁)ကုံး၊ (၃)ပဲသားခန့်ရှိ မတ်စေ့ပုံ ရွှေလက်စွပ်(၁)ကွင်း၊ စုစုပေါင်းတန်ဘိုး (၂၄)သိန်းကျပ် ခန့် ပျောက် ဆုံးနေပြီး ရွှေထည်များ ထည့်ထားသော ရွှေဗူးခွံ(၂)ဗူးနှင့် ငါးထောင်ကျပ်တန် (၁)သိန်းအုပ် (၁)အုပ်ကျန် ရှိနေသည်ကို တွေ့ရှိရသဖြင့် အောင်ဇေယျာ နှင့် ၄င်း၏ဇနီး သန်းသန်းခိုင်(၂၂)နှစ် တို့အား မေးမြန်းရာ မယူကြောင်း ငြင်းဆန်ပြောဆိုနေပြီး ပြန်မပေး သဖြင့် ၁၄.၉.၂၀၁၅ ရက်နေ့တွင် ဦးကံတင့်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် တောင်တွင်းကြီး မြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်း (ပ) ၁၁၈/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိ ကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video