Monday, September 14, 2015
4:58 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး စက်တင်ဘာ ၁၃
မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်း ပြိုင်ပွဲများတွင်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မကွေးမြို့ အထက-၁ ပန်းဟေ၀န်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဌ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်းက အဖွင့်အမှာစကားပြောကြားပါသည်။ ဆက်လက်ပြီး လက်ထောက် တိုင်းဒေသကြီး ဥပဒေအရာရှိက ၂၀၁၅ခုနှစ် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားပါသည်။
ယင်းနောက် ဆုချီးမြှင့်ရေးတွင် ပါဝင်ကူညီသော INGO များဖြစ်သည့် word vision, Pat (Myanmar), MSI, Save the Children,WFPအဖွဲ့များအားဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပါသည်။
မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်း ပြိုင်ပွဲများတွင်ဆုရရှိသူများအား တာဝန်ရှိသူ များကဆုများ အသီးသီးပေးအပ်ချီးမြှင့်ပါသည်။ ထို့နောက် တိုင်းဒေသကြီးအဆင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင်ဆုရရှိသူများ၏ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်း များကို အခမ်းအနားတက်ရောက်လာသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment