Monday, September 14, 2015
4:57 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မင်းဘူး စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် ဧရာဝတီမြစ်ရေသည် စက်တင်ဘာလ(၁၃)ရက်နေ့ နံနက်(၆)နာရီ အချိန် တိုင်ထွာချက်အရ စိုးရိမ်ရေအမှတ် (၁၇၀၀)စင်တီမီတာ အထက်(၄) စင်တီမီတာခန့်
ကျော်လွန်လျက် ရှိပြီး မြို့ပေါ်နေ ရပ်ကွက်များနှင့် ဧရာဝတီမြစ်ကမ်း အနီးရှိကျေးရွာများသို့ မြစ်ရေများ ၀င်ရောက်လျက်ရှိသည်။
မင်းဘူးမြို့ အမှတ်(၁)၊အမှတ်(၃)နှင့် အမှတ်(၄)ရပ်ကွက်များရှိ အိမ်ထောင်စု(၁၈၁)စု၊လူဦးရေ (၈၃၄)ဦး တို့သည် မြစ်ရေကြီးမှု များကြောင့် ရေဘေးကင်းလွတ်ရာ စက္ကိန္တဲဘုရားဝန်း ၊အ.ထ.ကကျောင်းဝန်း၊ ပုဂံမျှော်ဘုရားဝန်း၊ရွှေကြီးမြင့်ဘုရားဝန်း၊မြသိန်းတန်ဘုရားဝန်း၊ချမ်းသာကြီးကျောင်းဝန်းနှင့် မှန်ကင်းကျောင်း တိုက်များအတွင်း ယာယီတဲများ ထိုး၍ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။
သနပ္ပင်စုကျေးရွာအုပ်စု၊ငွေသောင်ကျွန်းကျေးရွာရှိအိမ်ထောင်စု(၁၅၄)စု၊လူဦးရေ(၅၄၇)ဦးတို့သည်
ရေနံချောင်းမြို့နယ် ၀က်မစွတ်ကျေးရွာနှင့် ပေတောကျေးရွာများသို့လည်းကောင်း၊နိဗ္ဗာန်ကျွန်းကျေးရွာနှင့် မန်းကျိုးကျေးရွာ၊ထုံးမကြီးကျေးရွာနှင့် ရွာသစ်ကုန်းကျေးရွာများရှိ အိမ်ထောင်စု(၂၁၇)စု၊လူဦးရေ(၅၇၆)ဦးတို့ သည် မန်းကျိုးကျေးရွာ အနီး ညောင်ဇင်ကျောင်းဝန်း၊ အောက်ကျောင်းဘုရားဝန်းအတွင်းနှင့် သံကန်တန်း အမှတ်(၇) အနီးသို့ လည်းကောင်း၊ တပင်ရွာ၊ကျွဲသိုးမြှောင်းရွာ ၊ဖလံရုံရွာနှင့် ရွာသာယာကျေးရွာများရှိ အိမ်ထောင်စု (၃၀)စု၊လူဦးရေ(၁၅၂)ဦး တို့သည် နီးစပ်ရာ ကုန်းမြင့်ပိုင်းများရှိ ဆွေမျိုးများ၏နေအိမ်များသို့ လည်းကောင်း၊နန်းတော်ကုန်းကျေးရွာရှိအိမ်ထောင်စု(၄၅)စု၊လူဦးရေ(၂၀၂)ဦးတို့သည် ကျေးရွာ
၏မြောက်ဘက် ယာခင်းများ အတွင်းသို့လည်းကောင်း ယာယီတဲများထိုး၍ ပြောင်းရွှေ့နေထိုင်လျက် ရှိသည်။မင်းဘူးမြို့ မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်၊ကျေးရွာ (၁၀)ရွာရှိ အိမ်ထောင်စု(၆၂၇)စု၊ လူဦးရေ(၂၃၁၁)ဦးတို့သည် ဧရာဝတီမြစ် ရေကြီးမှုများကြောင့် ရေဘေးကင်းလွတ်ရာသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိရာ ရပ်ကွက်/ကျေးရွာများအ လိုက် ရေကင်းများ နေ့/ည တာဝန်ချထားဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment