Tuesday, September 1, 2015

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ နေ့လည်(၁) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင်၊ ရေစကြိုမြို့နယ်၊ မြေဖြူ ကျေးရွာအနီး ရေစကြို-ပခုက္ကူ သွားကားလမ်း မိုင်တိုင်အမှတ် (၁၃/၀ နှင့် ၁၃/၁) အကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပခန်းကြီးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
 ဖြစ်စဉ်မှာ ၄င်းလမ်းအတိုင်း ရေစကြိုမှ ပခုက္ကူသို့ ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်နေသူ ယာဉ်မောင်း ရဲအောင် (၄၃)နှစ် မောင်းနှင်လာသော MGY 1B/xxxx မီစူဘီရှီ အစိမ်းအဖြူကြား ခရီးသည် တင်ယာဉ် သည် ၄င်းလမ်းအတိုင်း ပခုက္ကူမှ ရေစကြိုသို့ တစ်ဘက်ယာဉ်ကြောမှ မောင်းနှင်လာသော ရေစကြိုမြို့နယ်၊ စည်သာကျေးရွာနေသူ ထွန်းလင်း (၃၃)နှစ် မောင်းနှင်လျက် နောက်မှ တစ်ရွာတည်း နေ အောင်မြင့်ထွန်း (၃၃)နှစ် လိုက်ပါလာသည့် ၄၃ယ/xxxxx အနက်ရောင် ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက် တိုက်မိပြီး ထွန်းလင်းမှာ ဒဏ်ရာများရရှိ သေဆုံးသွားခဲ့ပြီး အောင်မြင့်ထွန်းတွင် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်သူ ရဲအောင်အား ရေစကြိုမြို့နယ်၊ ပခန်းကြီး နယ်မြေ ရဲစခန်း ယာဉ်(ပ)၁၉/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video