၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ (၂) နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများ နှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၄၃/၂၀၁၅) ဖြင့် မကွေးမြို့၊ ရန်နိုင်ရပ် ကွက်နေသူ အောင်ဗလ(ခ) မျိုးမြင့်အောင် (၄၃)နှစ်၏ နေအိမ် အတွင်း ၀င်ရောက် ရှာဖွေရာ အောင်ဗလ(ခ) မျိုးမြင့်အောင်နှင့် ညီမဖြစ်သူ မအေးမြသွယ် (၂၉)နှစ်တို့အား တွေ့ရှိပြီး ၄င်းတို့ထံမှ ပလပ်စတစ်ဖြင့် ပြုလုပ် ထားသော အ၀ါရောင် ခေါက်ပိုက်ဆံအိတ်(၁)လုံး အတွင်းမှ နှစ်လုံးထီ၊ သုံးလုံး ထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ လောင်းကျေး ငွေစက္ကူရောရာ ၁၀၁၈၅၀ိ/- တို့အား ရှာဖွေသိမ်းဆည်း ရမိသဖြင့် တရားမ၀င် နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အောင်ဗလ (ခ) မျိုးမြင့်အောင်နှင့် မအေးမြသွယ် တို့အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ) ၂၃၄/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။
အလားတူ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ ညနေ (၇) နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပခန်းကြီး နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေ များ နှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်း ၀ရမ်းအမှတ် (၂၀/၂၀၁၅)ဖြင့် ရေစကြိုမြို့နယ်၊ ပခန်းကြီးကျေးရွာနေသူ စိန်ဌေး (၄၇)နှစ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်ဧည့်ခန်း စားပွဲအံဆွဲ အတွင်းမှ နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဆက်စပ် ပစ္စည်းများနှင့် လောင်းကြေး ငွေစက္ကူရောရာ ၃၀၆၀၀ိ/-အား ရှာဖွေ သိမ်းဆည်း ရမိသဖြင့် တရားမ၀င် နှစ်လုံးထီ/ သုံးလုံးထီ လောင်းကစားပြုလုပ်သူ စိန်ဌေးအား ရေစကြိုမြို့နယ်၊ ပခန်းကြီး နယ်မြေရဲစခန်း (ပ)၈၁/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment