Tuesday, September 1, 2015

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ ညနေ (၄း၂၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၂၃/၂၀၁၅) ဖြင့် တောင်တွင်း ကြီးမြို့နယ်၊ ချောင်းနက်အရှေ့စုရွာ နေသူ ဦးကျော်အောင် (၅၂)နှစ်၏ နေအိမ်သို့ ၀င်ရောက် ရှာဖွေရာ နေအိမ်အပေါ်ထပ်တွင် ဦးကျော်အောင်နှင့်အတူ သားဖြစ်သူ လင်းအောင် (၂၂)နှစ် ၊ တောင်တွင်း ကြီးမြို့နယ်၊ ကတက်ကုန်းရွာနေသူ မောင်ထွန်း (၄၂)နှစ် နှင့် တောင်တွင်းကြီး မြို့နယ်၊ ဆတ်သွား ကျေး ရွာနေသူ လှဝင်း (၂၈)နှစ်တို့ (၄)ဦးအား ဖဲရိုက်လောင်းကစား ပြုလုပ် နေသည် ကို တွေ့ရှိရပြီး လောင်း ကစားရာတွင် အသုံးပြုသည့် ဖဲရိုက်လောင်းကစားရာတွင် အသုံးပြု သည့် ဖဲချပ်များ၊ ဆက်စပ် ပစ္စည်းများနှင့် လောင်းကြေး ငွေစက္ကူရောရာ ၃၈၀၀၀ိ/-တို့အား ရှာဖွေ သိမ်းဆည်းရမိသဖြင့် ဖဲရိုက်လောင်း ကစား ပြုလုပ်သူ ကျော်အောင်ပါ(၄)ဦးအား တောင်တွင်းကြီး မြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်း (ပ) ၁၁၂/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/ ၁၄(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video